Travel

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

The most beautiful ice caves in the world

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။

 

Booming Ice Chasm, Canadian Rockies, Canada

 

ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင် ရေများဖြတ်သန်းစီးဆင်းရာမှ ပေါ်လာခြင်းဖြစ်သည်။ ထိုရေများသည် ရေခဲမြစ်ပေါ်တွင် စတင်ဖြစ်ပေါ်လာလေ့ရှိပြီး ရေခဲမြစ်တွင်းပေါက်ကြီးများမှ တဆင့် အောက်ခြေသို့ ရောက်ရှိသွားခြင်းဖြစ်သည်။ ထိုမှတဆင့် လေဝင်နိုင်သော ဥမင်များ ဖြစ်ပေါ်လာရသည်။

တချို့ရေခဲဂူများမှာမူ မြေပြင်အောက်ဘက်တွင်ရှိသော သဘာ၀ မြေအောက်အောင်း အပူကြောင့် ဖြစ်ပေါ်လာလေ့ရှိသည်။ ထိုဖြစ်စဉ်ကို Geothermal ဟု သိကြပြီး ကမ္ဘာမြေအောက်ဘက်ရှိ ကျောက်များ မီးတောင်ချော်ရည်များကြောင့် အပူဓာတ်ကို ရရှိလာခြင်းဖြစ်သည်။

 

Mendenhall Glacier Ice Caves, Juneau, Alaska, USA

 

 

အိုက်စလန်နိုင်ငံ Vatnajökull ရေခဲမြစ်တွင်ရှိသော Kverkfjöll ရေခဲဂူသည် ထိုသို့သောဂူ အမျိုးအစားဖြစ်ပြီး ဂူအလျား ၁.၇ မိုင်ခန့်အထိ ရှိသည်။အချို့သောရေခဲဂူများသည် ရေခဲမြစ်များ အရည်ပျော်ခြင်း နှင့် ရွှေ့ရှားခြင်းတို့ကြောင့်လည်း ဖြစ်ပေါ်လာတတ်သည်။ အမေရိကန်နိုင်ငံ Rainier တောင်ရှိ ပါရာဒိုက်ရေခဲဂူများသည် ထိုသို့သောဂူများဖြစ်သည်။ ၁၉၇၈ ခုနှစ်တိုင်းတာမှုများအရ ထိုဂူများ၏ ဂူလမ်းကြောင်းအလျားမှာ ၈မိုင်ကျော်ရှိသည်ဟုသိရပြီး ကမ္ဘာ့အရှည်လျားဆုံး ရေခဲဂူ ကွန်ယက် ဟု ဆိုကြသည်။

 

Skaftafell Ice Cave, Iceland

ရေခဲဂူများကို glaciologist များက လေ့လာကြ၍ ထိုသို့လေ့လာသည့် ပညာရပ်ကို glacio speleology ဟု ခေါ်ကြလေ့ရှိသည်။ ကမ္ဘာပေါ်ရှိရေခဲလိုဏ်ဂူများကို ရုရှားနိုင်ငံ ၊ အမေရိကန်နိုင်ငံ အလက်စကားဒေသ နှင့် အိုက်စလန်နိုင်ငံတို့တွင် အများဆုံးတွေ့ရလေ့ရှိသည်။

 

 

⇐ Previous Next

Read 1876 times