ဒီတစ်ပတ် မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံများမှာ ‘ငပျင်း’ မြန်မာကားသစ်နှင့် နိုင်ငံခြားဇာတ်ကားသစ် The Hand ရုံဝင်ပြီး လူကြိုက်များသော ရုပ်ရှင်ဇာတ်ကားများ ဆက်လက်ပြသလျက် ရှိပါတယ်။
“ပျင်းတယ်ဆိုတာ ဘုန်းကံရှိမှ ပျင်းလို့ရတာ ...” ငပျင်းဆိုပေမဲ့ မပျင်းရအောင် ကြည့်ရှုသူတွေ ပြုံးပျော်စေရမဲ့ ငပျင်း ဇာတ်ကားကြီးမှာ အကယ်ဒမီကျော်ရဲအောင်၊ အကယ်ဒမီပြေတီဦး၊ ခင်လှိုင်၊ အကယ်ဒမီစိုးမြတ်သူဇာ၊ အကယ်ဒမီခိုင်သင်းကြည်၊ အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံ၊ ဇော်ဝင်းနိုင်(မန်း) တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း လုံမ၊ ဇာတ်ညွှန်း နတ်ရဲ (ရူပဗေဒ) ၊ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ဖြစ်ပြီး အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်တင်ဆက်ပါတယ်။
The Hand ကတော့ ပျောက်ဆုံးနေတဲ့ လက်တစ်ဖက်နဲ့ ကချေသည် သရဲမလေးရဲ့ လက်စားချေတဲ့ ဇာတ်လမ်း Cambodia ကားသစ်ဖြစ်ပါတယ်။

မင်္ဂလာရုပ်ရှင်ရုံများတွင် ယခုတစ်ပတ် (၅.၁၂.၂၀၂၅) မှ (၁၁.၁၂.၂၀၂၅) ထိ ရုံတင်ပြသမည့် ဇာတ်ကားများကတော့ -
ငပျင်း
ပန်ဒိုရာ
မြို့ပြထဲကလမ်းမများ
နတ်ဝင်သည်
ပြန်မပြောရ
The Hand
Tere Ishk Mein
MY BOO 2 တို့ ဖြစ်ပါတယ်။

MY Yangon Guide ကနေ ဒီတစ်ပတ်ပြသလျက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားစာရင်းကို တင်ဆက်ပေးလိုက်ပါပြီနော်။ Yangoners တို့ စိတ်လက်အပန်းပြေဖို့ ဒီတစ်ပတ်မှာ ဘယ်ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖို့ တွေးထားသလဲ။ ပြသမဲ့ ဇာတ်ကားများရဲ့ ပွဲချိန်အသေးစိတ်ကို www.mingalarcinemas.com မှာ ဝင်ရောက် ကြည့်ရှုလိုက်ပါနော် ...
ရုပ်ရှင်ရုံများရဲ့နေရာအတိအကျကို တစ်နေရာတည်းမှာ ရှာဖွေကြည့်ရှုနိုင်တာ MY Yangon Guide ရဲ့ မိခင် Yangon Directory Website ( https://www.yangondirectory.com/ ) ဖြစ်ပါတယ်။
Read 78 times