Travel

ကမ္ဘာပေါ်က ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ

Six countries in the world that do not have significant sunsets

ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း (၁၉၅) နိုင်ငံရှိပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံက ဘာသာမတူ ယဉ်ကျေးမှုမတူတဲ့ အပြင် ဖွဲ့စည်းတည်ဆောက်ပုံနဲ့ နေထိုင်မှုတွေကလည်း ကွဲပြားပါတယ်။ နောက်ပြီး နိုင်ငံတိုင်းမှာ သဘာဝကပေးထားတဲ့ အထင်ကရနေရာတွေရှိသလို လူတွေဖန်တီးထားတဲ့ နာမည်ကြီးအဆောက်အအုံ၊ နေရာတွေလည်းရှိပါတယ်။

ထူးခြားပြီး မတူကွဲပြားတဲ့ နိုင်ငံတွေကို ကမ္ဘာလှည့် ခရီးသည်တွေက လာရောက်လည်ပတ်ကြပါတယ်။ ကမ္ဘာမြေကြီးရဲ့ ဖြစ်တည်မှုပေါ်မူတည်ပြီး နေရောင်ခြည်ကို အလှည့်ကျ ခံစားကြရပေမယ့် ကမ္ဘာပေါ်မှာ နေလုံးဝ မဝင်တဲ့ နိုင်ငံတွေ ရှိနေတယ်ဆိုရင်ရော ယုံနိုင်မလား? 

တကယ်လို့ ကမ္ဘာပတ်ခရီးသွားမယ်ဆိုရင် မဖြစ်မနေရောက်အောင်သွားသင့်တဲ့ နေမဝင်တဲ့နိုင်ငံ (၆) နိုင်ငံ ရှိပါတယ်။ အဲ့တာတွေကတော့ ...

Norway

အာတိတ်စက်ဝိုင်းမှာ တည်ရှိနေတဲ့ Norway ကို “ Midnight Sun's Land” လို့ ခေါ်ဆိုကြပါတယ်။ မေလကနေ ဇူလိုင်လနှောင်းပိုင်းအထိ စုစုပေါင်း (၇၆) ရက်နေမဝင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နေ့ည မှားလောက်အောင် တစ်နေ့ကို နာရီ (၂၀) လောက် နေရောင်ခြည်လွှမ်းခြုံနေပါတယ်။ Svalbardနဲ့ Norway မှာ ဧပြီလ (၁၀) ရက်နေ့ကနေ သြဂုတ်လ (၂၃) ရက်အထိ နေမဝင်တာကြောင့် ညမရှိဘူးလို့တောင် ထင်ရပါတယ်။ တကယ်လို့ Norway ကို သွားလည်ပတ်မယ်ဆိုရင် မကုန်ဆုံးတဲ့နေ့ရက်တွေကို ရရှိမှာဖြစ်ပါတယ်။

Norway

Iceland

သဘာဝအလျောက်ကို လှနေတဲ့နိုင်ငံဖြစ်ပြီး Iceland က Great Britainပြီးရင် ဥရောပမှာ အကြီးဆုံးကျွန်တစ်ကျွန်းဖြစ်ပါတယ်။ Iceland က မေလ (၁၀) ရက်ကနေ ဇူလိုင်လအထိ နေရောင်ခြည်ကိုရရှိသည်။ ရင်သပ်ရှုမောဖွယ်ကောင်တဲ့ Iceland ကျွန်းမှာ တောင်တက်ခြင်း၊ တောရိုင်းတိရစ္ဆာန်တွေကိုလေ့လာစောင့်ကြည့်ခြင်း၊ ဝေလငါးကြည့်ခြင်း၊ စက်ဘီးစီးခြင်း၊ အမျိုးသားဥယျာဉ်တွေကို လည်ပတ်ခြင်း စတဲ့ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေလည်း ရှိနေပါသေးတယ်။

Iceland

Canada

ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်တဲ့ Canada ရဲ့ မြို့တွေက တစ်နှစ်လုံးနီးပါး စီးနှင်းတွေနဲ့ ဖုံးနေတတ်ပေမယ့် Inuvik နဲ့ အနောက်မြောက်နယ်မြေတွေကတော့ နွေရာသီမှာ ရက်ပေါင်း (၅၀) လောက်နေရောင်အောက်မှာ ရှိနေပါတယ်။ Aurora ကြည့်ရှုခြင်း၊  တောင်တန်းများ၊ ရေပူစမ်းများ၊ ကမ္ဘာ့ဒုတိယအကြီးဆုံးလမ်းများနဲ့ သမိုင်းဝင်အထိမ်းအမှတ်အဆောက်အအုံတွေ လည်ပတ်ခြင်း စတဲ့ အရာတွေကို Canada ရောက်ရင် မဖြစ်မနေကို လုပ်ကြည့်သင့်ပါတယ်။

Canada

Alaska

မေလနှောင်းပိုင်းကနေ ဇူလိုင်လနှောင်းပိုင်းအထိ နေရောင်အောက်မှာနေကြရတဲ့  Alaska နိုင်ငံက လှပပြီးရင်သပ်ရှုမောဖွယ်ကောင်းလွန်းပါတယ်။ Alaska ရဲ့ ထူးခြားချက်က ရေခဲမြစ်နဲ့ နှင်းဖုံးနေတဲ့ တောင်တွေကြောင့် လူသိများပါတယ်။ Alaska မှာ တောင်တက်ခြင်း သို့မဟုတ် sightseeing သွားနိုင်ပါတယ်။

Alaska

Sweden

Sweden ကတော့ မေလအစောပိုင်းနဲ့ ဩဂုတ်လ နှောင်းပိုင်းတွေမှာ ညသန်းကောင်ယံပိုင်းလောက် နေဝင်ပြီး မနက် ၄နာရီခွဲလောက်မှာ နေပြန်ထွက်လာပါတယ်။ နေ့တာရှည်နေမှာဖြစ်လို့ အေးဆေးဖြတ်သန်းနိုင်ပြီး ငါးဖမ်းခြင်း၊ ဂေါက်ရိုက်ခြင်း၊ စကိတ်စီးခြင်း၊ northern lightsကြည့်ရှူခြင်းနဲ့  အမျိုးသားဥယျာဉ်တွေကို လည်ပတ်ခြင်း စတာတွေလုပ်ဆောင်လို့ အကောင်းဆုံးဖြစ်ပါတယ်။

Sweden

Finland

ရေကန်တွေနဲ့ ကျွန်းတွေရှိတဲ့ Finland ရဲ့ ဒေသအများစုက နွေရာသီမှာ နေကို (၇၃) ရက်ကြာ မြင်တွေ့ရပါတယ်။ အေးချမ်းလွန်းတဲ့ Finland မှာက ဘယ်နေရာကြည့်ကြည့် စီးနှင်းတွေနဲ့ ဖုံးလွှမ်းနေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် Finland ကို မဖြစ်မနေသွားရောက်လည်ပတ်သင့်ပါတယ်။

Finland

အကယ်၍ သင်ကခရီးသွားရတာ ဝါသနာပါတဲ့သူတစ်ယောက်ဆိုရင် ဘယ်နိုင်ငံတွေကို သွားဖို့ စိတ်ကူးထားလဲ?

⇐ Previous Next

Read 2310 times