Entertainment

ချစ်သူမိန်းကလေးနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ ကိုရီးယားမင်းသား ဆောင်းဂျွန်ကီ

Song Joong Ki announces his marriage to Katy Louise Saunders

တောင်ကိုရီးယား မင်းသားချော ဆောင်းဂျွန်ကီဟာ သူရဲ့ ပထမအမျိုးသမီး ဆောင်းဟေကျိုနဲ့ ၂၀၁၉ ခုနှစ်မှာ တရားဝင် ကွာရှင်းပြတ်စဲခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ မင်းသမီး ကေတီလူးဝစ်ဆောင်ဒါးစ်နဲ့ တွဲနေပြီဆိုတဲ့အကြောင်း အတည်ပြုခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့မှာတော့ မင်းသား ဆောင်းဂျွန်ကီဟာ မင်းသမီး ကေတီလူးဝစ်ဆောင်ဒါးစ်နဲ့ လက်ထပ်လိုက်ပြီဆိုတဲ့ အကြောင်း သူ့ရဲ့ တရားဝင် Fan Café ကနေတဆင့် ပရိသတ်တွေဆီ အခုလို အသိပေးကြေညာတဲ့ စာတစ်စောင်ရေးသားခဲ့တာပါ။ 

“ ဟဲလို ကျွန်တော် ဂျွန်ကီပါ။ ကျွန်တော့ဘဝရဲ့ အပျော်ရွှင်ဆုံးနဲ့ အရေးအကြီးဆုံး အချိန်ကို ခင်ဗျားတို့အားလုံးနဲ့ မျှဝေချင်ခဲ့တာပါ။ ကျွန်တော့်ကို အားပေးကူညီပြီး အချိန်တွေ အတူတူ ရှိပေးခဲ့တဲ့ ကေတီလူးဝစ်ဆောင်ဒါးစ်နဲ့ ကျွန်တော့် ဘဝရဲ့ ကျန်ရှိတဲ့ အချိန်တွေကို အတူတူ ဖြတ်သန်းဖို့ ကတိပေးထားပါတယ်။ သူမက ကြင်နာတတ်တဲ့ နှလုံးသားရှိပြီး အံ့သြဖွယ်ကောင်းတဲ့ သူတစ်ဦးဖြစ်လို့ ကျွန်တော် လေးစားမိပါတယ်။ သူမကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ပိုကောင်းတဲ့ သူတစ်ဦးဖြစ်လာမှာပါ။ ထုံးစံအတိုင်းပဲ ကျွန်တော်တို့ နှစ်ယောက်စလုံး ပျော်ရွှင်တဲ့ မိသားစုဘ၀ကို ထူထောင်ချင်ကြပါတယ်။ တစ်ယောက်ကို တစ်ယောက် ပေးထားတဲ့ ကတိတည်ဖို့ ကြိုးစားခဲ့ကြပြီး အခု နှစ်ယောက်ကြားက အဖိုးတန်တဲ့ ဘဝအသစ်တစ်ခုကို ကြိုဆိုလိုပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာ ကျွန်တော်တို့ရဲ့ နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုကို အခြေခံပြီးတော့ ဇနီးမောင်နှံအဖြစ် လက်ထပ်မှတ်ပုံတင် စာရင်းသွင်းလိုက်ပါပြီ။ ဦးတည်ချက်တွေ တူညီတဲ့ လမ်းကို ကျွန်တော်တို့ လျှောက်လှမ်းကြမှာပါ။ မပြောင်းမလဲဘဲ ချစ်ခင်အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို နှလုံးသားထဲကနေ ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ကျွန်တော့်ရဲ့ သရုပ်ဆောင် ဘဝတစ်လျှောက်လုံးမှာ ပရိသတ်တွေ ဆန္ဒရှိတဲ့အတိုင်း ပိုမိုကောင်းမွန်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာအောင် ဝါသနာနဲ့ တာဝန်တွေ ပိုကျေပွန်သွားမှာပါ။ အားလုံးကို လူကိုယ်တိုင် နှုတ်ဆက်နိုင်တဲ့ နေ့အထိ ကျန်းမာပျော်ရွှင်ကြဖို့ မျှော်လင့်ပါတယ်” လို့ ရေးသားထားပါတယ်။ ကောင်မလေးမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကိုလည်း ကိုရီးယားသတင်းတွေက ရေးသားဖော်ပြထားပါတယ်။

⇐ Previous Next

Read 855 times