Entertainment

Netflix ရဲ့ ထိပ်တန်း တီဗီရှိုး နံပါတ်ငါးနေရာမှာ ရပ်တည်နေတဲ့ ‘The Glory’

"The Glory" Netflix Series 2022

Netflix ရဲ့ ကိုရီးယားစီးရီးအသစ် ‘The Glory’ ဟာ ဒီဇင်ဘာ (၃၀) ရက်နေ့မှာ စတင်ထုတ်လွှင့် ပြသခဲ့ပြီး နှစ်ရက်အကြာမှာပဲ အောင်မြင်မှုရရှိခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီ (၁) ရက်နေ့မှာ တစ်ကမ္ဘာလုံးဆိုင်ရာ OTT ပလက်ဖောင်းဖြစ်တဲ့ FlixPatrol က ‘The Glory’ ဟာ စတင်ပြသပြီး နှစ်ရက်အကြာ ‘Top 10 TV Shows on Netflix’ အဆင့်ငါးနေရာမှာ ရပ်တည်နေကြောင်း ဖော်ပြထားပါတယ်။

ဒီစီးရီးဟာ Netflix Worldwide Chart Top 5 ကို ပြသမှုနှစ်ရက်အကြာမှာတင် ရသွားတာမို့ Revenge ဒရမ်မာအနေနဲ့ ထူးခြားတဲ့ အောင်မြင်မှုလို့လည်း ဆိုလို့ရပါတယ်။ ဘာလို့လဲဆိုရင် များသောအားဖြင့် အဲ့လို Top 10 ထဲဝင်နိုင်တဲ့ Kdrama တွေက လျှို့ဝှက်သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးပဲ ရှိခဲ့တာပါ။ Revenge Melodrama ဆန်တဲ့ "The Glory" ကတော့ ထူးထူးခြားခြား နိုင်ငံတကာစိတ်ဝင်စားမှုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Sinopsis dan Link Nonton The Glory Episode 1-8 Sub Indo, Sajikan Kisah  Balas Dendam Song Hye Kyo - Pikiran Rakyat Depok

"The Glory" ရဲ့ နောက်ထပ်အောင်မြင်မှုကတော့ အမေရိကန်နိုင်ငံရဲ့ ဩဇာကြီးမားတဲ့ Forbes မဂ္ဂဇင်းမှာ ဖော်ပြခြင်းခံခဲ့ရတဲ့ သတင်းဟာလည်း အာရှမီဒီယာတွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။ 

ဒီစီးရီးရဲ့ Season (1) အပြီးမှာ နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက်တွေအရ ကိုးရီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနဲ့ ဗီယက်နမ်စတဲ့ နိုင်ငံ (၁၀) နိုင်ငံမှာ ထိပ်ဆုံးပထမအဆင့် ရရှိခဲ့တာဖြစ်ပါတယ်။ 

Season (1) မှာ အပိုင်း (၈) ပိုင်း ပါဝင်ပြီး Season (2) ကိုတော့ Netflix က ၂၀၂၃၊ မတ်လလောက်မှာ ပြသဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီလောက် အောင်မြင်ပြီး ပရိသတ်အားပေးနေတဲ့ ဒရမ်မာစီးရီးကို Season  1 နဲ့ 2 ခွဲပြီး လခြား ပြတာက Netflix ရဲ့ ရက်စက်မှုပါပဲ။

Drama The Glory Masuk Nomor 5 di Chart Netflix Global, Moon Dong Eun: Bravo  Yeon Jin-a! - Sragen Update

အရမ်းညွှန်းနေလို့ ကြည့်ချင်သွားပြီဆိုရင်တော့ ဇာတ်လမ်းအကျဉ်းလေး နည်းနည်းလောက်ပြောပြပါမယ်။ Dong Eun (ကိုးရီးယားနိုင်ငံရဲ့ ကြေးအမြင့်ဆုံး မင်းသမီး Song Hye Kyo) ဆိုတဲ့ ဗိသုကာပညာရှင်ဖြစ်ဖို့ ရည်မှန်းထားတဲ့ အထက်တန်းကျောင်းသူလေးက ကျောင်းတွင်းအကြမ်းဖက်ခံရမှုကြောင့် ကျောင်းထွက်ခဲ့ရပါတယ်။ နှစ်တွေကြာပြီးတော့ ပြစ်မှုကျူးလွန်သူက အိမ်ထောင်ပြုပြီး ကလေးတစ်ယောက်ရလာပါတယ်။ ဒီတော့ Dong Eun ဟာ အဲ့ကလေးလေးရဲ့ အိမ်လိုက်သင် မူကြိုဆရာမအဖြစ် ပြန်ပေါ်လာခဲ့ပြီး သူမခံစားခဲ့ရတဲ့  အကြမ်းဖက်ရက်စက်မှုတွေအတွက် ကလဲ့စားပြန်ချေပါတော့တယ်။

သူမရဲ့ ဂလဲ့စားချေမှုကို အားဖြည့်ကူညီပေးမယ့်သူကတော့ Joo Yeo (Youth Of May ထဲက မင်းသား) လို့ခေါ်တဲ့ သူ‌ဌေးသား ဆရာဝန်လေးဖြစ်ပါတယ်။  Dong Eun ရဲ့ ဂလဲ့စားချေမှုမှာ Joo Yeo ဘာလို့ ပါဝင်ကူညီပေးခဲ့တာလဲ၊ နှစ်ယောက်သား အတွဲညီညီနဲ့ ဘယ်လိုတွေ ဂလဲ့စားပြန်ချေမလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။

ဇာတ်ကား အစအဆုံး - https://t.me/bunnysoe432/73 (မြန်မာစာတန်းထိုး)

⇐ Previous Next

Read 1290 times