Travel

အရိုးထဲထိ စိမ့်နေအောင် အေးတဲ့ ကမ္ဘာ့အအေးဆုံးနိုင်ငံ (၅) နိုင်ငံ

Top 5 Coldest Countries in the World

အေးတဲ့ရာသီဥတုကို လူတိုင်းနီးပါးကြိုက်ကြပါတယ်။ အရမ်းအေးတာမျိုးမဟုတ်ဘဲ နှင်းဖွဲဖွဲလေးကျနေတဲ့ အချိန်က လူတိုင်းရဲ့ အကြိုက်ဆုံးအချိန်ကာလလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် မတရားအေးတဲ့ ရာသီဥတုကိုတော့ ကြိုက်ချင်မှ ကြိုက်ကြမှာပါ။

ကိစ္စတိုင်းက ပုံမှန်ထက်လွန်ကဲရင် သဘောကျနှစ်သက်ဖို့ မကောင်းပါဘူး။ သဘောကျဖို့မကောင်းပေမယ့် မတူတဲ့ ခံစားချက်အသစ်တော့ ရရှိနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အပူဆုံးနိုင်ငံတွေရှိသလို အအေးဆုံးနိုင်ငံတွေလည်းရှိပါတယ်။

အပူထက်စာရင် အေးတာကမှ နေလို့ရပါသေးတယ်။ ဒါ့ကြောင့် ကမ္ဘာ့အအေးဆုံးနိုင်ငံ (၅) နိုင်ငံကို ဖော်ပြပေးလိုက်ပါတယ်။ 

(1) ရုရှား

ရာသီဥတုအပူချိန် တိုင်းတာချက်အရ ရုရှားနိုင်ငံက ကမ္ဘာပေါ်မှာ အအေးဆုံးနိုင်ငံဖြစ်ပါတယ်။ Sakha Republic ရဲ့ Verkhoyansk နဲ့ Oymyakon မှာလည်း အပူချိန်က -67.8 ° C (-90.0 ° F) ရှိတဲ့အတွက် အရမ်းအေးပါတယ်။

အလွန်အေးသော်လည်း Oymyakon မှာလူ (၅၀၀) ကျော်နဲ့ Verkhoyansk မှာ (၁၄၀၀) လောက် နေထိုင်လျက်ရှိပါတယ်။ မှတ်တမ်းတင်ခဲ့သော အအေးဆုံးတိုင်းတာချက်က -67.8 ° C(-90.0 ° F) ဖြစ်ပါတယ်။

The Coldest country in the world

(2) ဂရင်းလန်း

နောက်ထပ် အေးအေးချမ်းချမ်းနေလို့ရတဲ့ နိုင်ငံတစ်ခုကတော့ ဂရင်းလန်းနိုင်ငံ ဖြစ်ပါတယ်။ ၁၉၅၄ ခုနှစ်တုန်းက ဂရင်းလန်းက ကမ္ဘာ့အကြီးဆုံးကျွန်းတွေထဲမှာ အအေးဆုံးကျွန်းအဖြစ် အပူချိန် -66.1 ° C (-87.0 ° F) မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ လူပေါင်း (၅၆,၆၈၁) ဦး နေထိုင်ကြပြီး အများစုမှာ အနူအီတီ သို့မဟုတ် ဒိန်းမတ်နွယ်ဖွားများဖြစ်ကြပါတယ်။ ဘယ်လိုပဲ အေးပါစေ ဂရင်းလန်းနိုင်ငံရဲ့ အပူချိန်က ၃၀.၁ ဒီဂရီစင်တီဂရိတ် (၈၆.၂ ဒီဂရီဖာရင်ဟိုက်) ထိရှိပါတယ်။ နွေရာသီနဲ့ ဆောင်းရာသီအကြား ကြီးမားတဲ့ ကွဲပြားခြားနားမှုတွေရှိနေပါတယ်။ မှတ်တမ်းတင်ခဲ့သော အအေးဆုံးတိုင်းတာချက်က -66.1 ° C(-87.0 ° F) ဖြစ်ပါတယ်။

Greenland is the largest island in the world

(3) ကနေဒါ

ကနေဒါနိုင်ငံက မြောက်အမေရိကရှိ အအေးဆုံးနိုင်ငံဖြစ်ပြီး ၁၉၄၇ ခုနှစ်မှာ ယူကွန်းပြည်နယ်၊ ယူနာမှာ -63.0 ° C(-81.4 ° F) အထိ အအေးဆုံးအပူချိန် မှတ်တမ်းတင်ထားပါတယ်။

ကနေဒါနိုင်ငံရဲ့ အနိမ့်ဆုံးအအေးတိုင်းတာချက်က Alberta ရှိ Bassano Dam (-61.1 ° C / -78.0 ° F)၊ (Forth Smith (-59.4 ° C / -74.9 ° F)၊ Lytton နဲ့ Lillooet (58.9 ° C / -74.0 ° F) အသီးသီးဖြစ်ကြပါတယ်။ မှတ်တမ်းတင်ခဲ့သော အအေးဆုံးတိုင်းတာချက်က -63.0 ° C (-81.4 ° F) ဖြစ်ပါတယ်။

One of the coldest countries in the world

(4) ယူအက်စ်အေ

ယူအက်စ်ရဲ့ အနိမ့်ဆုံးအပူချိန်တောင် Alaska ရှိ Prospect Creek မှာ -62.2 ° C (-80 ° F) ဖြစ်ပြီး ယူအက်စ်ရှိ အအေးဆုံးပြည်နယ်တွေမှာ Alaska၊ Montana၊ Utah၊ Wyoming နဲ့ Colorado တို့ပါဝင်ပါတယ်။ မှတ်တမ်းတင်ခဲ့သော အအေးဆုံးတိုင်းတာချက်က -62.2 ° C (-80 ° F) ဖြစ်ပါတယ်။

Alaska Glacier

(5) တရုတ်

တရုတ်နိုင်ငံရဲ့ မြောက်ဘက်မှာ အေးခဲနေတဲ့ ဆောင်းရာသီကြောင့် ကမ္ဘာပေါ်မှာ အအေးဆုံးနိုင်ငံတွေထဲကမှ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မှတ်တမ်းတင်ခဲ့သော အအေးဆုံးတိုင်းတာချက်က -58 ° C (-72 ° F) ဖြစ်ပါတယ်။

Winter in China

⇐ Previous Next

Read 2160 times