Travel

ရန်ကုန်မြို့ရဲ့ Rating အကောင်းဆုံး ဟိုတယ်များ

Top Rated Hotels in Yangon

အခုအချိန်က ခရီးတွေမထွက်ရသေးဘူးဆိုပေမယ့် မြို့တွင်းက ဟိုတယ်တွေမှာ သူငယ်ချင်းတွေနဲ့ Staycation အနေနဲ့ပဲ ဖြစ်ဖြစ် မိသားစုနဲ့ပဲ ဖြစ်ဖြစ် အပန်းဖြေလို့ရပါတယ်။ ဒီလိုသွားချင်တဲ့သူတွေအတွက် ရန်ကုန်မြို့မှာ ဘယ် ဟိုတယ်တွေက ခရီးသွားတွေရဲ့ စိတ်ကျေနပ်မှုနဲ့ Rating အမြင့်ဆုံးရထားလည်းဆိုတာ ကြည့်လိုက်ရအောင်။ 

 

Yangon Excelsior 

ဒီဟိုတယ်ဟာ မြို့တော်ခန်းမနဲ့ CB Bank ရုံးချုပ်နားမှာ တည်ရှိပါတယ်။ ရွှေတိဂုံဘုရားနဲ့ဆိုရင်လည်း (၁.၉)မိုင်သာကွာဝေးပြီးတော့ အခန်းတိုင်းမှာ WiFi ပါဝင်တဲ့အပြင် အားကစားခန်းမလည်းရှိပါတယ်။ တည်းခိုသူတိုင်းကို မနက်စာကျွေးတဲ့အပြင် BBQ ရောင်းတဲ့ စားသောက်ဆိုင်လည်းရှိပါသေးတယ်။ စာဖတ်ခန်း အသေးလေးအပြင် ဘားလည်းရှိပါသေးတယ်။ ဝန်ထမ်းတွေကို အင်္ဂလိပ်လိုနဲ့ ပြင်သစ်လို ဆိုပြီး ဘာသာစကား(၂)မျိုးနဲ့ ပြောဆိုနိုင်မှာဖြစ်ပါတယ်။

 

Pan Pacific Yangon

ရွှေတိဂုံဘုရားလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာတည်ရှိပြီးတော့ ရန်ကုန်မြို့ရဲ့ ရင်သပ်ရှုမောဖွယ်ရာ အလှအပတွေကို ခံစားနိုင်မယ့် ဟိုတယ်တစ်ခုပဲ ဖြစ်ပါတယ်။ ဇိမ်ခံပရိဘောဂတွေနဲ့ ပြင်ဆင်ထားတဲ့အခန်းတွေ၊ Spa နဲ့ ရေကူးကန်အပြင် လေ့ကျင့်ခန်းလုပ်လို့ရမယ့် Fitness Center တွေပါပါဝင်ပါတယ်။ Junction City နဲ့ ငါးမိနစ်ခန့်လမ်းလျောက်ယုံနဲ့ ရောက်တဲ့အပြင် ရန်ကုန်နိုင်ငံတကာလေဆိပ်ကိုလည်း နာရီဝက်လောက်နဲ့ ရောက်နိုင်ပါတယ်။ 

 

Pullman Yangon Centerpoint 

ရန်ကုန်မြို့ရဲ့ အချက်အချနေရာလို့ဆိုရမယ့် ဆူးလေဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာတည်ရှိပြီးတော့ 5 Stars ဟိုတယ်တွေတိုင်းပါဝင်တဲ့ Free WiFi,Bar စတာတွေအပြင် ငွေလဲလှယ်နိုင်တဲ့ Exchange Center လည်းပါဝင်ပါသေးတယ်။နီးနီးနားနားမှာဆိုရင် မဟာဗန္ဓုလပန်းခြံ၊ ဆူးလေဘုရား တည်ရှိပြီးတော့ ညဘက်ဆို ကမ်းနားကိုသွားရင်းနဲ့ ဘားအသေးလေးတွေရှိတာမို့လို့ အပန်းဖြေလို့ အင်မတန်သင့်တော်ပါတယ်။ အခန်းတိုင်းမှာ TV၊ ရေခဲသေတ္တ၊ Hairdryer အစရှိတဲ့ မရှိမဖြစ် ပစ္စည်းတွေလည်းပါပါတယ်။ 

 

The Strand Yangon 

ဒီဟိုတယ်ကတော့ တခြားဟိုတယ်တွေနဲ့ မတူပဲထူးခြားနေတယ်လို့ဆိုနိုင်ပါတယ်။ သုံးထားတဲ့ ပရိဘောဂတွေ၊ အသုံးအဆောင်တွေကခေတ်ဆန်ပေမယ့် အဆောက်အဦးကြီးကတော့ ရှေးမူတွေအတိုင်းပြန်လည်ပြင်ဆင်ထားတဲ့ သုံးထပ်အဆောက်အဦးကြီးပါ။ ရှေးခတ်အငွေ့အသက်တွေကို ခံစားနိုင်တာမို့လို့ နိုင်ငံခြားသားတွေ အင်မတန်သဘောကျကျပါတယ်။ ဒီဟိုတယ်ဟာ တရုတ်တန်း၊ ဗိုလ်ချုပ်စျေးနဲ့ ဆူးလေဘုရားတို့ကို မိနစ် (၂၀) လမ်းလျောက်ရုံနဲ့ ရောက်နိုင်ပါတယ်။ မြန်မာ့ရိုးရာပုံစံနဲ့ အနှိပ်ခံနိုင်မှာဖြစ်ပြီး (၂၄) နာရီ အခန်းဝန်ဆောင်မှုတွေ၊ Free WiFi ၊ အားကစားခန်းမ အစရှိတာတွေအပြင် စားစရာတွေလည်းကောင်းတယ်လို့ နာမည်ကြီးပါသေးတယ်။ 

 

Melia Yangon 

Melia ဟိုတယ်ကတော့ ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့မှာတည်ရှိပါတယ်။ အခန်းတိုင်းမှာ WiFi အပြင် ဘား ၊ ရေကူးကန်နဲ့ စားသောက်ဆိုင်တွေလည်း ရှိပါတယ်။ ပြည်တွင်းငွေနဲ့ ပြည်ပငွေလဲလှယ်ဖို့ရာ Currency Exchange Center လည်းရှိပြီး (၂၄) လွှာအပေါ်ထပ်ကနေ ရန်ကုန်မြို့ရဲ့ အလှအပတွေကို ခံစားနိုင်မှာလည်းဖြစ်ပါတယ်။

 

⇐ Previous Next

Read 2889 times