Travel

ရန်ကုန်မြစ်ရဲ့ အလှအပတွေကို ခံစားရင်း သင်္ဘော စီးမယ်ဆိုရင်...

A trip on the Yangon River to get rid of stress

စိတ်ညစ်တဲ့ အချိန်ဖြစ်ဖြစ်၊ မွန်းကြပ်မှုတွေရှိနေတဲ့ အခါ မြို့ပြရဲ့ အဝေးက လတ်ဆတ်တဲ့ လေညင်းလေးခံပြီး အပန်းဖြေလိုက်တာက တကယ့်ကို လောကနိဗ္ဗာန်ပါပဲ။ ဒါပေမယ့် ကိုဗစ်ဂယက်ကြောင့် ခရီးသွားလာမှုကို ကန့်သတ်ထားတော့ အိမ်တွင်းအောင်းပြီး စိတ်မွန်းကြပ်နေကြပြီလား။

အပန်းဖြေဖို့အတွက် ခရီးတွေသွားချင်ပြန်တော့လည်း သွားမရ၊ မြို့ပြရဲ့ အငွေ့အသတ်တွေကိုလည်း မလိုချင်၊ မိသားစု/သူငယ်ချင်းတွေနဲ့ အပြင်တွေ လျှောက်သွားရင်လည်း ကိုဗစ်ရောဂါ ကူးမှာလည်းကြောက်နေသူတွေ အတွက် ရန်ကုန်မြို့နဲ့ မနီးမဝေးတဲ့ ရန်ကုန်မြစ်ထဲမှာ မပျော်ပါးချင်ဘူးလား။

Yangon Water Bus! (Yangon River). - Review of Yangon Water Bus, Yangon  (Rangoon), Myanmar - Tripadvisor

ပျော်ပါးချင်တဲ့ သူတွေအတွက် ခရီးစဉ်က ကျန်းမာရေးဆိပ်ကမ်း (ပန်းဆိုးတန်း) က စထွက်ပြီးတော့ ရန်ကုန်မြစ်-ဘုရင့်နောင်-မြစ်သုံးဆိုင်ထိ ပြေးဆွဲပေးမှာဖြစ်လို့ ရန်ကုန်မြစ်အတွင်းက မြစ်ပြင်ကိုဖြတ်သန်းတိုက်ခိုက်လာတဲ့ လတ်ဆတ်သန့်ရှင်းတဲ့ ဆောင်းလေနုအေးလေးတွေကို လေညင်းလေးခံရင်း အပန်းဖြေချင်တဲ့သူတွေအတွက် မဖြစ်မနေ သွားသင့်ပါတယ်။ 

နောက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စည်းကမ်းချက်နှင့်အညီ ရန်ကုန်မြစ်တွင်းမှာ အပျော်စီး သင်္ဘောခရီးစဉ်ကို တစ်နေ့ (၂) ကြိမ် ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။ 

ခရီးစဉ်တွေကတော့...

  • နံနက် (၈)နာရီ မှ (၁၀)နာရီထိ  တစ်ကြိမ် - ကျန်းမာရေးဆိပ်ကမ်း - ရန်ကုန်မြစ် - မြစ်သုံးဆိုင် - ကျန်းမာရေးဆိပ်ကမ်း (10000 ks)
  • ညနေ (၄)နာရီ မှ ည (၇)နာရီထိ တစ်ကြီမ် - ကျန်းမာရေးဆိပ်ကမ်း - ရန်ကုန်မြစ် - မြစ်သုံးဆိုင် -ဘုရင့်နောင် - ကျန်းမာရေးဆိပ်ကမ်း (15000 ks)

သင်္ဘောတစ်စီးကို လူအယောက် (၃၀) နဲ့ပဲပြေးဆွဲပေးတာဖြစ်လို့ မိသားစုလိုက် အပန်းဖြေချင်တဲ့သူတွေ၊ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် ပျော်ပါးချင်တဲ့သူတွေ အနေနဲ့ လက်မှတ်ကြိုဖြတ်ထားဖို့လိုမယ်နော်။ 

Royal Green River Cruise - YouTube

သင်္ဘောစီးလုံး ငှားချင်တဲ့သူတွေအနေနဲ့လည်း ငှားနိုင်ပါသေးတယ်။ ရန်ကုန်မြစ်တွင်း သင်္ဘောခရီးစဉ်မှာ ပါဝင်ပြီး ပျော်ပါးချင်တဲ့ သူတွေအတွက် လက်မှတ်ကြိုတင်ဝယ်ယူ စုံစမ်းနိုင်မယ့် Agency တွေကတော့...

1. Win Travel Myanmar

ဆက်သွယ်ရန် - 09 42955 5855

2. Royal Active Travels

အမှတ် (၂၃၂/ဘီ)၊ ကာယ (၃) လမ်း၊ မင်္ဂလာဒုံမြို့နယ်

ဆက်သွယ်ရန် - 095101128

3. Royal Green River Cruise

ဆက်သွယ်ရန် - 01 8201 502၊ 09 33 357 525၊ 09 250 086 571

4. Nice Fare Travel & Tour

ရုံးချုပ်

အမှတ် (၅) ၊ မြေညီထပ်၊ အောင်ဆန်းကွင်းမြောက်ဘက်တန်း၊ ဂျိုးဖြူလမ် ၊ မင်္ဂလာတောင်ညွန့်၊ ရန်ကုန်မြို့။

01-393088 , 09-777761130,09-777761150

ဂန္ဓမာရုံးခွဲ

Gandamar Wholesale Shopping Center

ဝေဇယန္တာလမ်း နှင့် ဂန္ဓမာလမ်းထောင်၊မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

 09-777772352 ၊ 09-777772354။

5. Best Century Travel & Tours

အမှတ် (29)၊ 52လမ်း (အောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။

01-397967~8၊ 09-442629449၊ 09-442629450၊ 09-442629453

6. Yangon River Cruise & Dining - YRC

ဆက်သွယ်ရန် - 09952278900၊ 09953378900

[email protected]

Sunset Cruise with Dinner in Yangon” – Exotic Myanmar Travels & Tours  Company

⇐ Previous Next

Read 2279 times