Travel

တန်ဆောင်တိုင်ပိတ်ရက်မှာ မြန်မာ့မီးရထားမှ ပြေးဆွဲပေးမယ့် အထူးခရီးစဉ်များ

Myanmar Train Schedules In Tazaungdaing Holidays

လာမယ့် တန်ဆောင်တိုင်ပိတ်ရက် နိုဝင်ဘာလ ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့အတွင်း မြန်မာ့မီးရထားမှ ခရီးသွားပြည်သူတွေအနေနဲ့ သွားရေးလာရေး အဆင်ပြေဖို့ အထူးခရီးစဉ်တွေ ပြေးဆွဲသွားဖို့ ရှိကြောင်း သိရပါတယ်။ အထူးခရီးစဉ်တွေ၊ ထွက်ခွာမယ့်အချိန်နဲ့ စျေးနှုန်းတွေကိုတော့ အောက်မှာ အပြည့်အစုံ ဖတ်ကြည့်နိုင်ပါတယ်။ 

တန်ဆောင်တိုင်ပိတ်ရက်မှာ ပြေးဆွဲသွားမယ့် အထူးရထားခရီးစဉ်တွေကတော့ ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်နဲ့ ရန်ကုန်-ပြည်-ရန်ကုန်တို့ ဖြစ်ပါတယ်။ 

လက်မှတ်ခတွေကတော့ ပုံမှန်အတိုင်းဖြစ်ပြီး ရန်ကုန်-နေပြည်တော်နဲ့ နေပြည်တော်-ရန်ကုန် ခရီးစဉ်အတွက် ရိုးရိုးတန်း ၂,၈၀၀ ကျပ်၊ အထက်တန်း ၅,၆၀၀ ကျပ်၊ ရန်ကုန်-မော်လမြိုင်နဲ့ မော်လမြိုင်-ရန်ကုန် ခရီးစဉ်အတွက် ရိုးရိုးတန်း ၃,၅၅၀ ကျပ်၊ အထက်တန်းအတွက် ၇,၀၅၀ ကျပ်၊ ရန်ကုန်-ပြည်နဲ့ ပြည်-ရန်ကုန် ခရီးစဉ်အတွက် ရိုးရိုးတန်း ၃,၂၅၀ ကျပ်၊ အထက်တန်းအတွက် ၆,၄၅၀ ကျပ်တို့ ဖြစ်ပါတယ်။

အထူးရထားတွေအတွက် အထက်တန်းရထားလက်မှတ်တွေကို ၃ ရက်ကြိုတင် မှာရမှာ ဖြစ်ပြီး ရိုးရိုးတန်းရထားလက်မှ‌တ်ကိုတော့ ၁ ရက် ကြိုတင်ပြီး ရောင်းချပေးသွားမယ်လို့ မြန်မာ့မီးရထားဌာနက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်ဘူတာကြီး (ရန်ကုန်) - ၀၁-၂၅၁၁၈၁၊ ၀၁-၂၀၂၁၇၆

⇐ Previous Next ⇒

Read 3432 times