Travel

ခရီးသည် လိုက်ပို့/ကြိုဆိုမည့် သူများအား Terminal 1 လေဆိပ်အဆောက်အအုံအတွင်းသို့ ဝင်ရောက်ခွင့်ပြု

Yangon International Airport - Terminal (1) Opens To Public

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့၊ နံနက် (၁၁:၃၀) မှစတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) ၏ Terminal 1 မှ လေဆိပ်ဝန်ဆောင်မှုအား အသုံးပြုကြသော (ဆိုက်ရောက်/ ထွက်ခွာ) ခရီးသည်များ၏ မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများအား လေဆိပ်အဆောက်အအုံ ပရဝုဏ်အတွင်းသို့ ဝင်ရောက် ပို့ဆောင်/ကြိုဆို ခွင့်ပြုခဲ့ပြီဖြစ်ကြောင်း Yangon International Airport မှ တရားဝင်ကြေငြာခဲ့ပါသည်။

Advertisement

Click Here > MMM Car Sales Center

လေဆိပ်အတွင်းသို့ ဝင်ရောက်ခြင်း

------------------

ခရီးသည်များအနေဖြင့် တရားဝင် ခရီးသွားစာရွက်စာတမ်း အပြည့်အစုံဖြင့် ဂိတ်အမှတ် (၃) နှင့် (၄) မှတဆင့် ဝင်ရောက်ရမည်ဖြစ်ပြီး၊ လိုက်ပါပို့ဆောင်/ ကြိုဆိုကြသော မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် သက်ဆိုင်ရာ တာဝန်ကျဝန်ထမ်းများမှာ ဂိတ်အမှတ် (၂) မှတဆင့်သာ ဝင်ရောက်ရမည် ဖြစ်သည်။

လိုက်ပါပို့ဆောင်/ ကြိုဆိုမည့် ဧည့်သည်များအနေဖြင့် ဂိတ်အမှတ် (၂) အနီးရှိ Registration Area တွင် ဝင်ရောက်ခွင့် ကတ်ပြားအတွက် စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

လေဆိပ်အတွင်းမှ ပြန်လည်ထွက်ခွာခြင်း

----------------------

ဝင်ရောက်ခွင့်ကတ်ပြားဖြင့် အဆောက်အအုံအတွင်း ဝင်ရောက်ပြီးဖြစ်သော ဧည့်သည်များအနေဖြင့် ဂိတ်အမှတ် (၆) မှ ပြန်လည်ထွက်ခွာပြီး ကတ်ပြားအား ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

သက်ဆိုင်ရာ လုံခြုံရေး အစီအမံများအား ပုံမှန်အတိုင်းထားရှိမည် ဖြစ်ရာ လိုက်ပါပို့ဆောင်သူ/ ကြိုဆိုကြသူ ဧည့်သည်များအနေဖြင့် သက်ဆိုင်ရာ လုံခြုံရေးစစ်ဆေးမှုများ ခံယူရမည်ဖြစ်ပြီး လေဆိပ်အဆောက်အအုံအတွင်း ချမှတ်ထားသော စည်းကမ်းများအတိုင်း မိမိတို့၏ ဝင်ခွင့်ကတ်ပြားများကို တစ်ပါတည်းချိတ်ဆွဲထားရန် လိုအပ်ပါသည်။

Source - YIA

⇐ Previous Next

Read 672 times