Travel

ရန်ကုန်မြို့ရှိ ယုံကြည်စိတ်ချရသည့် ကားအငှားလုပ်ငန်း (၁၀) ခု

10 Car Rental Services in Yangon

ခရီးသွား ပွင့်လင်းရာသီ ဖြစ်တဲ့အတွက် မိသားစု၊ သူငယ်ချင်းတွေနဲ့ အေးအေးလူလူ၊ သီးသန့်ဆန်ဆန် အပန်းဖြေ ခရီးသွားချင်လို့ ကားစင်းလုံး ငှားမယ်ဆိုရင် လုံခြုံဘေးကင်းပြီး စျေးနှုန်းသင့်တင့်တဲ့ ကားအငှား ဝန်ဆောင်မှုလုပ်ငန်းတွေကို သိဖို့ လိုလာပါပြီ။ ဒါကြောင့် ရန်ကုန်မြို့က ယုံကြည်စိတ်ချရတဲ့ ကားအငှား ဝန်ဆောင်မှုလုပ်ငန်း (၁၀) ခုကို မျှဝေပေးချင်ပါတယ်။

၁။ ရန်ကုန် Car Rental Service

ရန်ကုန် ကားအငှား ဝန်ဆောင်မှုမှ ၄ ယောက်၊ ၇ ယောက်၊ ၁၄ ယောက်၊ ၃၃ ယောက်၊ ၄၅ ယောက်အထိ စီးနိုင်တဲ့ ကားအရွယ်အစားအစုံ၊ အမျိုးအစားအစုံ ရွေးချယ်နိုင်ပြီး မြန်မာနိုင်ငံအနှံ့ကို ကျွမ်းကျင် ယာဉ်မောင်းများဖြင့် ပို့ဆောင်ပေးပါတယ်။ မြို့တွင်း/နယ်ဝေး ခရီးစဥ်များအားလုံးကို ယာဥ်မောင်းအပါနှင့်သာ ဝန်ဆောင်မှုပေးပါတယ်။

https://www.facebook.com/yangoncarrentalservice

 

၂။ Royal Journeys Yangon

မြန်မာနိုင်ငံအတွင်းရှိ ခရီးသွား လူကြီးမင်းများအတွက် မည်သည့်နေရာ၊ မည်သည့်ဒေသ၊ မည်သည့်အချိန်မဆို၊ အချိန်မရွေး နေရာမရွေး ကားကြီး၊ ကားငယ် မျိုးစုံတို့ကို ဈေးနူန်းသက်သာစွာဖြင့် Royal Journeys မှ ငှားရမ်းနိုင်ပါတယ်။ ကားအမျိုးအစားမှာ 2022 Brand New Model မှ စ၍ ရှိသောကြောင့် သင်နှစ်သက်ရာ မော်ဒယ်လ် အမျိုးအစားကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

https://www.facebook.com/royaljourneyscars

 

၃။ Apex Car Rental Service

Apex မှ ခရီးသွားဧည့်သည်များအတွက် ဘေးကင်းလုံခြုံစိတ်ချရပြီး စမတ်ကျတဲ့ ကားကောင်းအသန့်များဖြင့် မြန်မာပြည်အနှံ့သို့ ပို့ဆောင်ပေးပါတယ်။ ကားမော်ဒယ်လ်အနိမ့်၊ အမြင့်အပြင် ၄ ယောက်စီးမှ ၄၅ ယောက်စီး ကားအရွယ်အစားမျိုးစုံတို့ကိုလည်း ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်ပါတယ်။ 

https://www.facebook.com/apexcarrentalservice

 

၄။ မြန်မာ Car Rental Service

မြန်မာ ကားအငှား ဝန်ဆောင်မှုသည် စျေးနှုန်းသင့်တင့်ပြီး အကောင်းဆုံး ဝန်ဆောင်မှုကို ဆောင်ရွက်ပေးပါတယ်။ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပုဂံ၊ မော်လမြိုင်၊ တောင်ကြီး၊ အင်းလေးနှင့် အခြားဆက်စပ်ဒေသများအတွက် ကားအငှားဝန်ဆောင်မှု ပေးပတယ်။ အငှားလိုက်သည့် ကားများသည် လုံခြုံမှုရှိပြီး သက်တောင့်သက်သာရှိပါတယ်။ ယာဉ်မောင်းများကလည်း စိတ်ရှည်ကျွမ်းကျင်ပြီး အတွေ့အကြုံကောင်းများရှိသူ ဖြစ်ပါတယ်။

https://myanmarcarrentals.com/

 

၅။ လွင်မြန်မာ Car Rental Service

လွင်မြန်မာမှ မြို့တွင်း၊ မြို့ပြင်၊ အချိန်ပိုင်း၊ လချုပ်၊ နှစ်ချုပ်အငှား၊ လေဆိပ်အကြို/အပို့၊ ဘွဲ့ယူ၊ အလှူမင်္ဂလာဆောင်၊ လုပ်ငန်းဆောင်တာ ခရီးစဉ်များ၊ မြန်မာပြည်အနှံ့ ရက်တို၊ ရက်ရှည် အပန်းဖြေ ခရီးစဉ်များ၊ လေ့လာရေးခရီးစဉ်၊ ဘုရားဖူးခရီးစဉ်များအတွက် ၃ ယောက်စီးမှ ၅၁ ယောက်စီး အဆင့်မြင့် ကားမျိုးစုံကို စျေးနှုန်းချိုသာစွာဖြင့် စင်းလုံးငှားနိုင်ပါတယ်။

https://www.facebook.com/profile.php

 

၆။ မင်္ဂလာ Car Rental Service

မင်္ဂလာ ကားအငှားဝန်ဆောင်မှုမှ နယ်ဝေးအပို့ /အကြို ရီးစဉ်များ၊ အပန်းဖြေခရီးစဉ်များအတွက် လုံခြုံစိတ်ချရသည့် ကားလေး၊ ကားကြီးမျိုးစုံကို စျေးနှုန်းချိုသာစွာ ငှားရမ်းနိုင်ပါတယ်။ သန့်ရှင်းသပ်ရပ်ပြီး ပိုးသတ်ဆေးဖြန်းထားသည့် ကားများကိုသာ အသုံးပြုထားပါတယ်။ စိတ်ရှည်ကျွမ်းကျင်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် ယာဉ်မောင်းများနှင့်သာ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

https://www.facebook.com/mingalarcarrentalservice

 

၇။ ရောင်နီဦး Car Rental Service

ခရီးသွားရန် စဉ်းစားနေပါက ရောင်နီဦး ကားအငှားလုပ်ငန်းမှာ အဆင့်မြင့်ကားများကို စျေးနှုန်းသင့်တင့်စွာဖြင့် ငှားရမ်းနိုင်ပါတယ်။

၄ ယောက်စီး၊​ ၈ ယောက်စီး၊ ၁၄ ယောက်စီး၊ ၁၇ ယောက်စီးကား စသဖြင့် စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ကျွမ်းကျင်ယာဉ်မောင်းပါ တစ်ခါတည်း ဝန်ဆောင်မှုပေးထားသောကြောင့် သက်သောင့်သက်သာ လိုက်ပါစီးနင်းပြီး သဘာဝအလှတွေကို ခံစားနိုင်ပါတယ်။ ရန်ကုန်မြို့တွင်း လည်မယ်ဆိုရင် နေ့တစ်ဝက်ဖြစ်စေ၊ တစ်နေ့လုံးဖြစ်စေ ငှားရမ်းနိုင်ပါတယ်။

https://www.facebook.com/ynocarrentalservices

 

၈။ Yoma Fleet

မြန်မာပြည်အနှံ့ အပန်းဖြေခရီးစဉ် ရက်ရှည်၊ ရက်တို၊ နေ့ချင်းပြန် ခရီးအတွက်သာမက လူကြီးမင်းတို့ရဲ့  လုပ်ငန်းအတွက်ပါ Yoma Fleet မှ အဆင့်မြင့်ကားကြီး၊ ကားငယ်၊ ကုန်ကားများအထိ စျေးနှုန်းချိုသာစွာဖြင့် ငှားရမ်းနိုင်ပါတယ်။

https://www.facebook.com/yomafleet

 

၉။ မိဟာရ မြန်မာ

ခရီးသွား လူကြီးမင်းများအတွက် မိဟာရမှ  VVIP Grade HIACE ကားများဖြင့် အထူးသက်သာကောင်းမွန်စွာ မြန်မာပြည်အနှံ့ လိုရာခရီးသို့ ပို့ဆောင်ပေးပါတယ်။ မိဟာရမှ ခရီးသွားဧည့်သည်များရဲ့ ကျန်းမားရေးကို အလေးထားတာကြောင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားသော ယာဥ်မောင်းများဖြင့်သာ ဝန်ဆာင်မှုပေးပါတယ်။

https://www.facebook.com/miharayangon

 

၁၀။ Elegant Smile Car Rental

အပန်းဖြေ ရက်ရှည်၊ ရက်တို ခရီးစဉ်၊ ဘုရားဖူးခရီစဉ်၊ အကြို/အပို့ ခရီးစဉ်၊ ရန်ကုန်မြို့အတွင်း နေ့ချင်းပြန် ခရီးစဉ်တွေအပြင် ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွက် Elegant Smile ကားအငှား ဝန်ဆောင်မှုလုပ်ငန်းမှ ကားကြီး၊ ကားငယ် အရွယ်အစားမျိုးစုံကို စိတ်ကြိုက် ရွေးချယ် စင်းလုံးငှားနိုင်ပါတယ်။

https://www.facebook.com/ESCarRentalYangonMyanmar

 

⇐ Previous Next

Read 2301 times