Travel

ပြည်ပခရီး သွားလာမယ်ဆိုရင် ရွေးချယ်သင့်တဲ့ လေကြောင်းလိုင်း (၁၀) ခု

Airline Safety Rating in 2023

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လေကြောင်းလိုင်း (၄၃၅) လိုင်းကို လေ့လာပြီး ၂၀၂၃ ခုနှစ်အတွက် အလုံခြုံဆုံးနဲ့ အကောင်းဆုံး လေကြောင်းလိုင်းတွေ စာရင်းကို Airlineratings.com ဆိုတဲ့  အဖွဲ့အစည်းက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ 

 

Airlineratings.com ရဲ့ ပြောဆိုချက်အရ ခရီးသည်တွေရဲ့ ဘေးကင်းမှု၊ ဆန်းသစ် တီထွင်နိုင်မှုနဲ့ လေယာဉ်သစ်တွေကို မိတ်ဆက်နိုင်မှု စတဲ့ အချက်တွေနဲ့ စစ်တမ်း ကောက်ယူမှုတွေအပေါ် မူတည်ပြီး ဒီလို အဆင့်သတ်မှတ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒီလေကြောင်းလိုင်းတွေထဲမှာ သက်ဆိုင်ရာ နိုင်ငံတွေကနေ မြန်မာနိုင်ငံကို ပျံသန်း ပြေးဆွဲနေတဲ့ လေကြောင်း (၄) ခု ပါဝင်တာကို တွေ့ရပါတယ်။

 

A-Z ရှာနိုင်မယ့် အလုံခြုံဆုံး လေကြောင်းလိုင်းများ

 

အလုံခြုံဆုံးနဲ့ အကောင်းဆုံး လေကြောင်းလိုင်း (၂၀) ခု

  1. Qantas
  2. Air New Zealand
  3. Etihad Airways
  4. Qatar Airways
  5. Singapore Airlines 
  6. TAP Air Portugal
  7. Emirates
  8. Alaska Airlines
  9. EVA Air
  10. Virgin Australia
  11. Cathay Pacific Airways
  12. Hawaiian Airlines
  13. SAS
  14. United Airlines
  15. Lufthansa/ Swiss Group
  16. Finnair
  17. British Airways
  18. KLM
  19. American Airlines
  20. Delta Air Lines

 

မြန်မာနိုင်ငံတွင် ပြေးဆွဲသည့် လေကြောင်းလိုင်းများ ကြည့်ရန်

 

Advertisement

Click Here > Ko Thein Zaw’s

 

ဒီလေကြောင်းလိုင်းတွေထဲကမှ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ကမ္ဘာ့အလုံခြုံဆုံးနဲ့ အကောင်းဆုံး လေကြောင်းလိုင်း (၁၀) ခု အကြောင်းကို ပျံသန်း ပြေးဆွဲနေတဲ့ ခရီးစဉ်တွေနဲ့တကွ ဆက်လက် ဖော်ပြပေးထားပါတယ်။ 

 

၁။ Qantas

 

တစ်ကမ္ဘာလုံးရဲ့ ပထမနေရာမှာ ရပ်တည်နေတာကတော့ ဩစတြေးလီးယားက Qantas လေကြောင်းလိုင်း ဖြစ်ပါတယ်။ လုပ်ငန်းလည်ပတ်မှု နှစ် (၁၀ဝ) ကျော်ပြီ ဖြစ်တာကြောင့် ကမ္ဘာပေါ်မှာ လုပ်ငန်းအတွေ့အကြုံ အရှိဆုံး လေကြောင်းလိုင်းအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။    

 

မြန်မာနိုင်ငံ အပါအဝင် အာရှပစိဖိတ်၊ အမေရိက၊ ဥရောပ၊ တောင်အာဖရိကမှာရှိတဲ့ နိုင်ငံပေါင်း (၃၆) နိုင်ငံနဲ့ ဩစတြေးလီးယားမှာရှိတဲ့ မြို့ကြီး (၈၅) နိုင်ငံကျော်ကို ပျံသန်း ပြေးဆွဲနေပါတယ်။ 

 

      

ပျံသန်း ပြေးဆွဲသည့် မြို့အားလုံးကို ကြည့်ရန်

 

၂။ Air New Zealand

 

ဒုတိယနေရာကို ရယူထားတာကတော့ သက်တမ်း (၁၄) နှစ်ပဲ ရှိသေးတဲ့ Air New Zealand လေကြောင်းလိုင်း ဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ မြို့ပေါင်း (၂၀) ကျော်နဲ့ ပစိဖိတ်ဒေသတွင်းက ပြည်ပနိုင်ငံ (၁၈) ခုမှာရှိတဲ့ မြို့ပေါင်း (၃၀) ကျော်ကို ပျံသန်းပြေးဆွဲပါတယ်။ မြန်မာနိုင်ငံကိုတော့ ပြေးဆွဲခြင်း မရှိသေးပါဘူး။

 

ပျံသန်း ပြေးဆွဲသည့် မြို့အားလုံးကို ကြည့်ရန်

 

၃။ Etihad Airways

 

၂၀၀၃ ခုနှစ်ကမှ စတင် ပျံသန်းခဲ့ပေမယ့် ကမ္ဘာ့အလုံခြုံဆုံး လေကြောင်းလိုင်းတွေရဲ့ တတိယနေရာကို ရယူထားတာကတော့ အာရပ်နိုင်ငံ (UAE)၊ ဒူဘိုင်းမှာရှိတဲ့ Etihad Airways ပါ။ လုပ်ငန်းစတင်တာ နှစ် (၂၀) ပဲ ရှိပါသေးတယ်။

 

ကမ္ဘာတစ်ဝှမ်း အာရှ၊ ဩစတြေးလီးယား၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ တောင်အာဖရိကမှာ ရှိတဲ့ နိုင်ငံပေါင်း (၆၀) ကျော်ကို ပျံသန်း ပြေးဆွဲနေပြီး မြန်မာနိုင်ငံကိုတော့ လာရောက် ပြေးဆွဲခြင်း မရှိသေးပါဘူး။

 

ပျံသန်း ပြေးဆွဲသည့် မြို့အားလုံးကို ကြည့်ရန်

 

၄။ Qatar Airways

 

စတုတ္ထနေရာမှာ ရှိနေတဲ့ လေကြောင်းလိုင်းတစ်ခုကတော့ နှစ် (၃၀) သက်တမ်းရှိပြီဖြစ်တဲ့ ကာတာနိုင်ငံက Qatar Airways ဖြစ်ပါတယ်။ အာရှ၊ အာဖရိက၊ ဥရောပ၊ အမေရိကားနဲ့ ပင်လယ်ကျွန်းစု နိုင်ငံတွေအပါအဝင် ကမ္ဘာအနှံ့အပြားက မြို့ပေါင်း (၁၃၀) ကျော်ကို ပျံသန်း ပြေးဆွဲပါတယ်။

 

ရန်ကုန်အပါအဝင် အာဆီယံနိုင်ငံတွေထဲက ကွာလာလန်ပူ၊ ဖိလစ်ပိုင်၊ ဘန်ကောက်၊ ဟိုချီမင်း၊ ဘာလီ၊ ဂျာကာတာ၊ စင်္ကာပူ၊ မနီလာနဲ့ ဖူးခက် စတဲ့ မြို့တွေကို အဓိကထား ပြေးဆွဲပြီး ခရီးသည်တင်လေယာဉ် အဖြစ်သာမကပဲ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးအတွက်လည်း အသုံးပြုတာ ဖြစ်ပါတယ်။

 

ပျံသန်း ပြေးဆွဲသည့် မြို့အားလုံးကို ကြည့်ရန်

 

၅။ Singapore Airlines 

 

စင်္ကာပူအခြေစိုက် လေကြောင်းလိုင်းကတော့ Singapore Airlines ဖြစ်ပြီး ကမ္ဘာ့အလုံခြုံဆုံးနဲ့ အကောင်းဆုံး လေကြောင်းလိုင်းများ စာရင်းမှာ ပဉ္စမမြောက်နေရာကို ရယူထားပါတယ်။ ၁၉၇၂ ခုနှစ်က လုပ်ငန်း စတင် လည်ပတ်ခဲ့ပြီး အခုဆိုရင် နှစ်ပေါင်း (၅၀) ကျော် ရှိနေပါပြီ။

 

မြန်မာနိုင်ငံ အပါအဝင် ဂျပန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဟောင်ကောင်၊ ဂျာမနီ၊ ဩစတြေးလီးယား၊ ဥရောပ၊ အမေရိက၊ ဗြိတိန်နိုင်ငံတွေမှာ ရှိတဲ့ မြို့ပေါင်း (၁၀၀) ခန့်ကို ပျံသန်း ပြေးဆွဲနေပါတယ်။

 

ပျံသန်း ပြေးဆွဲသည့် မြို့အားလုံးကို ကြည့်ရန်

 

၆။ TAP Air Portugal

 

နံပါတ် (၆) နေရာမှာ ရပ်တည်နေတာကတော့ လေယာဉ်လုပ်ငန်း လည်ပတ်မှုသက်တမ်း (၇၈) နှစ် ရှိပြီဖြစ်တဲ့ ပေါ်တူဂီနိုင်ငံက TAP Air Portugal ဖြစ်ပါတယ်။ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသ၊ တောင်အမေရိက၊ မြောက်အမေရိက၊ အာဖရိက၊ အာရှနှင့် ပင်လယ်ကျွန်းစုဒေသတွေက နိုင်ငံတွေကို ပျံသန်း ပြေးဆွဲပါတယ်။

 

ပျံသန်း ပြေးဆွဲသည့် မြို့အားလုံးကို ကြည့်ရန်

၇။ Emirates

 

အာရပ်နိုင်ငံ (UAE)၊ ဒူဘိုင်းမှာရှိတဲ့ Emirates လေကြောင်းလိုင်းကလည်း ကမ္ဘာ့အလုံခြုံဆုံးနဲ့ အကောင်းဆုံး လေကြောင်းလိုင်းများ စာရင်းမှာ နံပါတ် (၇) နေရာကို ရယူထားပါတယ်။ မြန်မာနိုင်ငံ အပါအဝင် အာရှပစိဖိတ်၊ ဩစတြေးလီးယား၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက၊ အမေရိကမှာရှိတဲ့ နိုင်ငံပေါင်း (၇၆) နိုင်ငံက မြို့ပေါင်း (၁၄၀) ကျော်ကို ပျံသန်း ပြေးဆွဲပါတယ်။

 

ပျံသန်း ပြေးဆွဲသည့် မြို့အားလုံးကို ကြည့်ရန်

 

၈။ Alaska Airlines

 

အမေရိကန်၊ ဝါရှင်တန်မှာရှိတဲ့ Alaska Airlines လေကြောင်းလိုင်းကတော့ နံပါတ် (၈) နေရာမှာ ရှိနေပြီး မြောက်အမေရိကမှာဆိုရင် (၇) ခုမြောက် အကြီးဆုံး လေကြောင်းလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ US မှာရှိတဲ့ ဘရာဇီး၊ မက်စီကို၊ ကနေဒါ၊ Belize နဲ့ Costa Rica နိုင်ငံတွေက မြို့တွေကို ပျံသန်း ပြေးဆွဲပါတယ်။

 

ပျံသန်း ပြေးဆွဲသည့် မြို့အားလုံးကို ကြည့်ရန်

 

၉။ EVA Air

 

ကမ္ဘာ့အလုံခြုံဆုံးနဲ့ အကောင်းဆုံး လေကြောင်းလိုင်းများ စာရင်းမှာ နံပါတ် (၉) နေရာကို ရရှိထားတာကတော့ EVA Air: Evergreen Airways ဖြစ်ပြီး ဟောင်ကောင်အခြေစိုက် လေကြောင်းလိုင်းတစ်ခု ဖြစ်ပါတယ်။ နာမည်ကြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဖြစ်တဲ့ Evergreen Marine Corporation ရဲ့ လုပ်ငန်းခွဲတစ်ခု ဖြစ်ပြီး လေကြောင်းဝန်ဆောင်မှုကို စတင်ခဲ့တာ (၃၄) နှစ်လောက်ပဲ ရှိပါသေးတယ်။ 

 

အာရှ၊ ဩစတြေးလီးယား၊ ဥရောပ၊ မြောက်အမေရိကမှာ ရှိတဲ့ နိုင်ငံတွေကို ပျံသန်း ပြေးဆွဲပြီး အသွားအလာ အများဆုံးကတော့ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်ပြည်မကြီး၊ ဂျပန်၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဩစတြေးလီးယား၊ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ စင်္ကာပူ၊ မကာအိုနဲ့ တောင်ကိုရီးယားတို့ ဖြစ်ပါတယ်။

 

ပျံသန်း ပြေးဆွဲသည့် မြို့အားလုံးကို ကြည့်ရန်

 

၁၀။ Virgin Australia

 

ထိပ်ဆုံးလေကြောင်းလိုင်းတွေရဲ့ (၁၀) ခုမြောက် နေရာမှာ ရပ်တည်နေတာကတော့ ဩစတေးလီးယား အခြေစိုက် Virgin Australia လေကြောင်းလိုင်း ဖြစ်ပါတယ်။ ဩစတေးလီးယား၊ မြောက်အမေရိကနဲ့ အာရှပစိဖိတ် ဒေသတွင်းက နိုင်ငံတွေမှာရှိတဲ့ မြို့ပေါင်း (၁၀၀) ကျော်ကို ပျံသန်း ပြေးဆွဲနေပါတယ်။ 

 

ပျံသန်း ပြေးဆွဲသည့် မြို့အားလုံးကို ကြည့်ရန်

 

နိုင်ငံရပ်ခြား တိုင်းပြည်တွေကို အလုပ်ကိစ္စပဲဖြစ်ဖြစ်၊ အလည်အပတ်ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ခရီးထွက်တော့မယ်ဆိုရင် သွားလာရမှာ လုံခြုံ စိတ်ချရတဲ့ လေကြောင်းလိုင်းတွေကို ရွေးချယ် စီးနင်းလို့ရအောင် အခုလို ကမ္ဘာ့အလုံခြုံဆုံးနဲ့ အကောင်းဆုံး လေကြောင်းလိုင်းတွေကို ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

 

လေကြောင်းလိုင်းတွေ အားလုံးနီးပါး ကိုဗစ်ဖြစ်ပွားပြီးတဲ့နောက်ပိုင်း ပြေးဆွဲမှုတွေ လျှော့ချလိုက်တာကို တွေ့ရပါတယ်။ ၂၀၁၉-၂၀ မှာဆိုရင် ပျံသန်း ပြေးဆွဲတဲ့ နိုင်ငံတွေနဲ့ မြို့တွေ ဒီထက်မက များပြားခဲ့ပါတယ်။

 

ဆုရရှိထားတဲ့ လေကြောင်းလိုင်းများ

 

Su Mon Oo

Photo credit goes to owners.

 

⇐ Previous Next

Read 836 times